လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆိုင်ကယ်များ သီလဝါဆိပ်ကမ်း(MITT) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိ

News

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK(LHD)၊ BRAND NAME: MG,MG4 (MULAN)၊ 2024 MDL၊ C/O: CHINA – (15)U သည် ၂-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ (MITT) သို့ လည်းကောင်း၊ PREMIER AUTOMOTIVE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: GEELY GEOMETRY E၊ 2025 MDL၊ C/O: CHINA – (20)U သည် ၁၂-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ (MITT) သို့ လည်းကောင်း၊ SUPER SEVEN STARS AUTOMOTIVE CO.,LTD မှ တင် သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: IM-LS7၊ 2025 MDL၊ C/O: CHINA – (10)U သည် ၁၅-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌(MITT) သို့ ရောက်ရှိလာခဲ့ပါသည်။ G-ENERGY PLUS MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTOR CYCLE WITH CHARGING ADAPTOR၊ BRAND NAME: TUMEI၊ 2025 MDL၊ C/O: CHINA–(100)U နှင့် BRAND NEW MOTOR CYCLE WITH CHARGING ADAPTOR၊ BRAND NAME: TUMEI၊ 2025 MDL၊ C/O: CHINA – (100)U တို့သည် ၂-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ (MITT) သို့ လည်းကောင်း၊ AUNG KAN BO MOTOR-CYCLE INDUS-TRIAL CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW ELECTRIC MOTOR -CYCLE WITH CHARGING ADAPTOR၊ BRAND NAME: KENBO၊ 2024/2025 MDL၊ C/O: CHINA – (971)U သည် ၁၄-၉-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း‌(MIP) သို့ လည်းကောင်း အသီးသီး ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅)စီးသည် သီလဝါဆိပ်ကမ်း‌ (MITT) ၌ ၉-၉-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀)စီးသည် သီလဝါဆိပ်ကမ်း‌ (MITT) ၌ ၁၇-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀)စီးသည် သီလဝါဆိပ်ကမ်း‌ (MITT) ၌ ၁၉-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၂၀၀)စီးသည် သီလဝါ ဆိပ်ကမ်း‌ (MITT) ၌ ၁၇-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၉၇၁)စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း‌(MIP) ၌ ၁၉-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၄-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။