လျှပ်စစ်သုံးမော်တော်ယာဉ်(၅)စီးအား သီလဝါဆိပ်ကမ်း (MITT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် QINGDAO CRRC SIFANG ROLLING STOCK CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: VOYAH COURAGE၊ 2025 MDL၊ C/O: CHINA – (3)U နှင့် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG er008၊ 2025 MDL၊ C/O: CHINA – (2)U တို့သည် ၂၁-၈-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ (MITT) သို့ ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီးသည် သီလဝါဆိပ်ကမ်း‌ (MITT) ၌ ၂၈-၈-၂၀၂၅ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူး ပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၃၀-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။