အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် AUNG KAN BO MOTORCYCLE INDUSTRIAL CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW ELECTRIC MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME: KENBO၊ MODEL NO: KB1000DT/ KB1200DT/ KB1500DT-15D/ 16F/29/29C/36/67/2E၊ MODEL YEAR: 2025၊ C/O: CHINA – (707)U သည် ၁၆-၁၀-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိလာခဲ့ပါသည်။
PMPG-EV MYANMAR TRADING CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: FAW VOLKS-WAGEN ID4 CROZZ PRO၊ 2025 MDL၊ C/O: CHINA – (10)U သည်လည်းကောင်း၊ T&Z FINANCE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: BYD SEALION 07၊ 2025 MDL၊ C/O: CHINA – (6)U သည် ၁၇-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၇၀၇) စီးသည် မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၌ ၂၂-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၆) စီး သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၂-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၂၄-၁၀-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

