အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် AMAZING AUTO CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ MOTOR CAPACITY: 150 KW၊ BATTERY CAPACITY: 67.523 KWH၊ BATTERY TYPE: LITHIUM ION၊ C/O: CHINA – (6) U သည် ၂၆-၁၀-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း‌ (AWPT) သို့လည်းကောင်း၊ GRAND SIRIUS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: NETA X၊ 2025 MDL၊ MOTOR CAPACITY: 120 KW၊ BATTERY CAPACITY: 62 KWH၊ BATTERY TYPE: LITHIUM ION၊ C/O: CHINA – (22) U သည် ၁-၈-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း‌ (AWPT) သို့လည်းကောင်းရောက်ရှိလာခဲ့ပါသည်။
EARTH RENEWABLE ENERGY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCH-BACK (LHD)၊ BRAND NAME: BYD E2၊ 2025 MDL၊ MOTOR CAPACITY: 70 KW၊ BATTERY CAPACITY: 43.2 KWH၊ BATTERY TYPE: LITHIUM ION၊ C/O: CHINA – (8) U သည် ၁၇-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါ ဆိပ်ကမ်း‌ (MITT) သို့လည်းကောင်း၊ G-ENERGY PLUS MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW TWO WHEEL MOTOR CYCLE WITH CHARGING ADAPTOR၊ BRAND NAME: YADEA၊ 2025 MDL၊ MODEL NO: G5၊ MOTOR CAPACITY: 1200 W၊ BATTERY CAPACITY: 72V25AH၊ BATTERY TYPE: GRAPHENE၊ C/O: CHINA – (75) U သည် ၁၇-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ (MITT) သို့လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။
Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၈-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၂) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၃-၈-၂၀၂၅ ရက်နေ့ တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၈) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၈-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၇၅) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၈-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။