အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UNITED COSMO GROUP LIMITED မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW DONGFENG 9T PURE ELECTRIC WASHING TRUCK(LHD)၊ BRAND NAME: DONGFENG၊ 2025 MDL၊ BATTERY CAPACITY: 144.86KWH၊ BATTERY TYPE: LITHIUM IRON PHOSPHATE၊ VEHICLE WEIGHT: 8995 KG၊ C/O: CHINA – (2) U သည် ၁၄-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ THE GREAT MERGER CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN(LHD)၊ BRAND NAME: AVATR 12A(ULTRA)၊ 2025 MDL၊ MOTOR CAPACITY: 402 KW၊ BATTERY CAPACITY: 94.53 KWH၊ BATTERY TYPE: NCM၊ C/O: CHINA – (4) U သည် ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း ရောက်ရှိလာခဲ့ပါသည်။
လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီးသည် သီလဝါဆိပ်ကမ်း(MITT) ၌ ၇-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ MI FORM ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီး သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ် ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေး ခဲ့ပြီး ၁၀-၁၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

