အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် SHWE LI RIVER TRADING CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW ELECTRIC MOTORCYCLE WITH LEAD-ACID AND CHARGER ADAPTOR (BEV)၊ BRAND NAME: BIRDIE၊ 2026 MDL၊ C/O: CHINA – (252) U သည် ၁၂-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ AUNG KAN BO TRUCK & MACHINERY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD) (BEV)၊ BRAND NAME: FORTHING FRIDAY(BASIC GRADE)၊ 2025 MDL၊ C/O: CHINA – (6) U သည် ၈-၄-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ အသီးသီး ရောက် ရှိခဲ့ပါသည်။
EARTH RENEWABLE ENERGY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SUV (LHD)(BEV)၊ BRAND NAME: BYD TANG PLUS၊ 2025 MDL၊ C/O: CHINA – (1) U သည် ၁၄-၄-၂၀၂၆ ရက်နေ့တွင် လည်းကောင်း၊ EARTH RENEWABLE ENERGY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW CROSSOVER SUV (LHD)(BEV)၊ BRAND NAME: BYD ATTO2၊ 2025 MDL၊ C/O: CHINA – (4)U သည် ၁၄-၄-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့ အသီးသီး ရောက်ရှိခဲ့ပါသည်။
G-ENERGY PLUS MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MID SIZE SEDAN (LHD)(BEV)၊ BRAND NAME: XIAOMI SU7၊ 2025 MDL၊ C/O: CHINA – (3) U သည် ၁၂-၄-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၂၅၂) စီး နှင့် လျှပ်စစ်သုံး မော်တော်ယာဉ် (၁၁) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၄-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၂၈-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအတွက် ထုတ် ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၄-၀၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။

