လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း‌ (DRYPORT-RG) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် G-ENERGY PLUS MYANMAR CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)(BEV)၊ BRAND NAME: DONGFENG (AEOLUS) SKY EV 01၊ 2025 MDL၊ C/O: CHINA – (18) U သည် ၂၉-၃-၂၀၂၆ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT-RG) သို့လည်းကောင်း၊ INNOGEN MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)(BEV)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ C/O: CHINA – (9) U သည် ၃၀-၃-၂၀၂၆ ရက် နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း(MIP) သို့ လည်းကောင်း အသီးသီး ရောက်ရှိလာခဲ့ပါသည်။
အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ် (၁၈) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း‌ (DRYPORT-RG) ၌ ၂၈-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း‌ (MIP) ၌ ၅-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၆-၀၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။