အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV AUTOMOTIVE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)(BEV)၊ BRAND NAME: HONGQI EHS5၊ 2025 MDL၊ C/O: CHINA – (4) Uသည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ MYANMAR NEW ENERGY MOTOR (MNEM) CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)(BEV)၊ BRAND NAME: DONGFENG VENUCIA (VX6)၊ 2025 MDL၊ C/O: CHINA – (14) U သည် ၃၀-၄-၂၀၂၆ ရက် နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိခဲ့ပါသည်။
99 MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)(BEV)၊ BRAND NAME: GAC ION V၊ 2026 MDL၊ C/O: CHINA – (6) U သည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ FARA MYAN-MAR EV CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)(BEV) BRAND NAME: GAC TOYOTA BZ3X၊ 2026 MDL၊ C/O: CHINA – (9) U သည် ၃၀-၄-၂၀၂၆ ရက် နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ SUPER SEVEN STARS MOTORS INDUSTRY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW COMPACT CROSSOVER SUV (LHD)(BEV)၊ BRAND NAME: KIA EV3၊ 2026 MDL၊ C/O: CHINA – (10) Uသည် ၁-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။
အဆိုပါ IMPORT DECLARATION ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၄) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၇-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၄) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၅-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၅-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် သီလဝါ ဆိပ်ကမ်း (MITT) ၌ ၇-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၁) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၅-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၈-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါ သည်။

