အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် EV POWER CO.,LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW TRUCK (LHD)၊ BRAND NAME : BYD (SEAL / BYD DOLPHIN MINI)၊ MODEL 2025၊ C/O CHINA (12) U သည် ၅-၁၂-၂၀၂၆ ရက်နေ့တွင် သီလဝါ ဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ QINGADO CRRC SIFANG ROLLING STOCK CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW ELECTRIC VEHICLE CHARGER၊ BRAND NAME : BENY၊ C/O CHINA (4) U သည် ၈-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ် ဆိပ်ကမ်း (AWPT) သို့လည်းကောင်း ရောက်ရှိလာခဲ့ပါသည်။
SHWE LI RIVER TRADING CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N ELECTRIC MOTORCYCLE WITH CHARGING ADAPTER၊ BRAND NAME : BIRDIE၊ MODEL 2026၊ C/O CHINA (248) U သည် ၃၀-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ AUNG KAN BO MOTOR CYCLE INDUSTRIAL CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N ELECTRIC MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME : KENBO၊ MODEL 2026၊ C/O CHINA (1038) U သည် ၁-၅-၂၀၂၆ ရက်နေ့နှင့် ၃-၅-၂၀၂၆ ရက်နေ့တို့ တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။
G-ENERGY PLUS MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N THREE WHEEL MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME : YADEA၊ MODEL 2025၊ MOTOR CAPACITY 650KW၊ (32) U သည် ၁-၅-၂၀၂၆ ရက်နေ့တွင် လည်းကောင်း၊ UV AUTOMOTIVE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD) (BEV)၊ BRAND NAME : HONGQI EHS5 MODEL 2025 6 (U) သည် ၈-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့အသီးသီး၏ရောက်ရှိလာခဲ့ပါသည်။
အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၄-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးဆက်စပ်ပစ္စည်း (၄) ခုသည် အေးရှားဝေါလ် ဆိပ်ကမ်း (AWPT) ၌ ၁၆-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးဆိုင်ကယ် (၁၂၈၆) စီး၊ လျှပ်စစ်သုံးဘီးဆိုင်ကယ် (၃၂) စီးနှင့် လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးတို့သည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၂-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ် ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေး ခဲ့ပြီး ၁၈-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများ အတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

