လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်ဆိုင်ကယ်သုံးဆက်စပ်ပစ္စည်းများ သီလဝါဆိပ်ကမ်း (MITT) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ALPHA ALLIANCE CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD) BRAND NAME (AVATR 12) MODEL 2026 C/O CHINA (3) Uသည် ၈-၅-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ PREFORMANCE AUTOINTERNATIONAL CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW WAGON (LHD) BRAND NAME (CHERY) MODEL 2025၊ C/O CHINA (9) Uသည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ ESSENTIAL MOTOR CO.,LTD မှတင်သွင်းလာသော BRAND NEW ELECTRIC VEHICLE SPARE PART (BYD) BATTERY CAPACITY 44.9KW (4)U သည် ၃-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ အသီးသီးရောက်ရှိလာခဲ့ပါသည်။
လျှပ်စစ်သုံးမော်တော်ယဉ် (၃) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၂-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်ဆက်စပ်ပစ္စည်း (၄) ခုသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၄-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၉) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၂-၅-၂၀၂၆ ရက်နေ့တွင် လည်းကောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ် မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၁၄-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါ သည်။