အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MYANAMR GREAT MOTOR CO.,LTD မှတင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW TRUCK (LHD) BRAND NAME (KARRY) MODEL 2025၊ C/O CHINA (41) U သည် ၂၉-၄-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့လည်းကောင်း၊ YAUNG NI OO CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MINI TRUCK (LHD) BRAND NAME (DFSK EC31) MODEL 2026၊ C/O CHINA (6) U သည် ၈-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်း ကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။
အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၄၁) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၌ ၇-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးသည် အေးရှား ဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၂-၅-၂၀၂၆ ရက်နေ့တွင်လည်းကေားင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၅-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများ အတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

