လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀) စီးအား သီလဝါဆိပ်ကမ်း (MITT) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် THE GREAT MERGER CO.,LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND SUV (LHD)၊ BRAND NAME AVATOR 07A၊ MODEL 2025၊ C/O CHINA (6) U သည်လည်းကောင်း၊ ALPHA ALLIANCE AUTOMOBILE CO., LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND SUV (LHD)၊ BRAND NAME AVATOR 06, 07၊ MODEL 2025၊ C/O CHINA (6) U သည်လည်းကောင်း ၁၂-၅-၂၀၂၆ ရက်နေ့တွင် သီလဝါ ဆိပ်ကမ်း (MITT) သို့အသီးသီးရောက်ရှိလားခဲ့ပါသည်။
MYANMAR ARR THIT MAN MOTOR CO., LTDTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD)(BEV)၊ BRAND NAME : CHANGAN DEEPAL S07၊ MODEL 2025၊ C/O CHINA (8) U သည် ၆-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိလာခဲ့ပါသည်။
လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၄-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၈) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၄-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ်များ အတွက်ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၉-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။