အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် T & Z FINANCE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD), BRAND NAME : GAC TOYOTA BZ3X, MODEL 2026, C/O CHINA (15) U သည် ၁၄-၅-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ လည်းကောင်း၊ YP 7 CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD), BRAND NAME : GAC TOYOTA BZ3X, MODEL 2026, C/O CHINA (9) U သည် ၁၂-၅-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ အသီးသီးရောက်ရှိလာခဲ့ပါသည်။
အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၂၀-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် သီလဝါ ဆိပ်ကမ်း (MITT) ၌ ၂၀-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ် များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၅-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

