လျှပ်စစ်သုံးမော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စိစစ်ထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် THE GRATE MERGER CO.,LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် B/N SEDAN (LHD)၊ BRAND NAME : AVATR 12A၊ MODEL 2025 ၊ C/O CHINA (4) U သည် ၁၄-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ MIDMAY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD), BRAND NAME: DONGFENGNAMMI 06၊ MODEL 2026 ၊ C/0 CHINA (9) U သည် ၂၉-၄-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ EARTH RENEWABLE ENERGY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD)၊ BRAND NAME : BYDTANG PLUS၊ MODEL 2025၊ BATTERY TYPE BYD BLADE BATTERY (1) U သည် ၁၃-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း မြန်မာ့စက်မှုဆိပ်ကမ်း(MIP) အသီးသီးရောက်ရှိလာခဲ့ပါသည်။
AMAZING AUTO CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD)၊ BRAND NAME : BZ 3X၊ MODEL 2025၊ C/O CHINA (4) U သည်လည်းကောင်း၊ YAUNG NI OO CO.,LTD မှ တင်သွင်းလာသောတရုတ်နိုင်ငံထုတ် B/N DELIVERY VAN (LHD)၊ BRAND NAMEL: DFSK EC35၊ MODEL 2026၊ C/O CHINA (6) U သည်လည်းကောင်း ၁၄-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ အသီးသီး ရောက်ရှိလာကြ ပါသည်။
အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၁၄-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီးသည် မြန်မာ့ စက်မှုဆိပ်ကမ်း (MIP) ၌ ၂၀-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံး‌မော်တော် ယာဉ် (၁၀) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၀-၅-၂၀၂၆ ရက်နေ့တွင် လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာ လွှာပါခွင့်ပြုချက်များ နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၂-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။