အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် PRESTIGE AUTOMOBILE CO.,LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် B/N SUV (LHD)၊ BRAND NEW: WAGON (LHD)၊ BRAND NAME: (BMW IX1)၊ MODEL 2026၊ C/O CHINA (4) U သည် ၁၄-၅-၂၀၂၆ ရက်နေ့တွင် မြန်မာ့ စက်မှုဆိပ်ကမ်း (MIP) သို့လည်ကောင်း၊ WIN MOTOR MYANMAR CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် B/N SUV၊ BRAND NAME: FAW VOLKSWAGEN ID4 CROZZ PURE၊ MODEL 2025၊ C/O CHINA (18) U သည် ၅-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ CHINA AUTO CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ MODEL 2026၊ C/O CHINA (8) U သည် ၈-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း သီလဝါဆိပ်ကမ်း (MITT) သို့ အသီးသီးရောက်ရှိလာခဲ့ပါသည်။
SHWE THWAY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV၊ BRAND NAME: GAC TOYOTA BZ3X၊ MODEL 2025၊ C/O CHINA (6) U သည် ၈-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ PLATYPS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME: YADEA ၊ MODEL NO (YADEA-RUIBIN , YADEA - T5)၊ MODEL 2026၊ C/O CHINA (153) U သည် ၂၉-၄-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။
အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၂၀-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၄) စီးသည် သီလဝါ ဆိပ်ကမ်း (MTTT) ၌ ၁၄-၅-၂၀၂၆ ရက်နေ့နှင့် ၁၈-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၈) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၄-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ဆိုင်ကယ် (၁၅၃) စီးသည် မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၌ ၂၀-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၆-၅-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှု များအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။

