အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် EV POWER CO., LTD မှတင်သွင်းလာသော B/N CROSSOVER SUV (LHD) BRAND NAME BYD SONG L MODEL 2025၊ C/O CHINA 8 (U) သည် ၃-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ GOLDEN MANDALAR CO., LTD မှတင်သွင်းလာသော B/N CROSSOVER (LHD) BRAND NAME BYD SONG L MODEL 2025၊ C/O CHINA 8 (U) သည် ၃-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ MMM PLUS AUTO CO., LTD မှတင်သွင်းလာ B/N WAGON (LHD) BRAND NAME SKY WORTH K 620 MAX MODEL 2025၊ C/O CHINA 10 (U) သည် ၃-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ GREAT MOTOR MYANAMR CO.,LTD မှတင်သွင်းလာ B/N PICK UP (LHD) BRAND NAME GAC TOYOTA JMC GRAND AVENUE MODEL 2026၊ C/O CHINA 7 (U) သည် ၂၀-၅-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိလာ ခဲ့ပါသည်။
EARTH RENEWABALE CO., LTD မှတင်သွင်းလာ B/N HATCHBACK (LHD) BRAND NAME BYD E2 MODEL 2025၊ C/O CHINA 17 (U) သည် ၃-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ CHINA AUTO CO., LTD မှတင်သွင်းလာ B/N SUV (LHD) BRAND NAME GAC TOYOTA BZ3X MODEL 2026၊ C/O CHINA 6 (U) သည် ၃-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း အသီးသီးရောက်ရှိလာ ကြပါသည်။
လျှပ်စစ်မော်တော်ယာဉ် (၇) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၉-၅-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၄၉) စီးသည် သက်ဆိုင်ရာဆိပ်ကမ်းများ၌ ၉-၆-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထား သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြု ချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၁-၆-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။

