လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီးနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် (၂၄၀) စီးအား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ESSENTIAL MOTORS CO., LTD မှတင်သွင်းလာ B/N WAGON (LHD), BRAND NAME BYD ATTO2 MODEL 2026, MOTOR CAPACITY 130 KW, BATTERY CAPACITY 42.15 KW, BATTERY TYPE BYD BLADE BATTERY, C/O CHINA 3 (U) သည် ၃-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ AUNG KANBO CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N ELECTRIC MOTORCYCLE WITH CHARGING ADAPTOR(BEV), BRAND KENBO, CO CHINA 240 (U) သည် ၂၉-၅-၂၀၂၆ ရက်နေ့တွင် လည်းကောင်း အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ အသီးသီးရောက်ရှိလာကြပါသည်။
အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၂-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၂၄၀) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၉-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက် များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၅-၆-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီစိ စစ်ဆေးထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။