လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း (MITT) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ALPHA ALLIANCE CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N (SEDAN) BRAND NAME AVATR 12 MODEL 2026၊ C/O CHINA 2 (U) သည် ၁၉-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ INNOGEN MYANAMR CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD) BRAND NAME GAC TOYOTA BZ3X MODEL 2026၊ C/O CHINA 2 (U) သည် ၁၇-၆-၂၀၂၆ ရက်နေ့ တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ GRAND SIRIUS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N PICK UP (DOUBLE CAP) (LHD) GEELY RIDDARA RD6 MODEL 2026၊ C/O CHINA 10 (U) သည် ၁၇-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ AMAZING AUTO CO.,LTD မှတင်သွင်း လာသော တရုတ်နိုင်ငံထုတ် B/N SUV (LHD) BRAND NAME GAC TOYOTA BZ3X MODEL 2025၊ C/O CHINA 4 (U) သည် ၁၉-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။
လျှပ်စစ်မော်တော်ယာဉ် (၂) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၃-၆-၂၀၂၆ ရက် နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၁၆) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း၌ ၂၃-၆-၂၀၂၆ တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သောပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၄-၆-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါ ကြောင်း သတင်းရရှိပါသည်။