လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် PREMIER AUTOMOTIVE CO.,LTD မှတင်သွင်းလာ သော တရုတ်နိုင်ငံထုတ် B/N WAGON (LHD) BRAND NAME GELLY GEOMETRY E MODEL 2025၊ C/O CHINA 15 (U) သည် ၂၀-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊ EARTH RENEW ABLE ENERGY CO.,LTD မှတင်သွင်းလာသော တရုတ် နိုင်ငံထုတ် B/N CROSSOVER SUV BRAND NAME BYD SONG L MODEL 2025၊ C/O CHINA 20 (U) သည် ၁၉-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။
လျှပ်စစ်မော်တော်ယာဉ် (၃၅) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၅-၆-၂၀၂၆ ရက် နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထား သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၆-၆-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်း ရရှိပါသည်။