အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MIDMAY CO., LTD မှတင်သွင်းလာသော တရုတ် နိုင်ငံထုတ် B/N SUV (LHD) BRAND NAME DONGFENG NAMMI 06 MODEL 2026၊ C/O CHINA 3 (U) သည် ၃-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်း ကောင်း၊ N.P.K MOTOR CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N (SUV) (LHD) BRAND NAME MG S5 MODEL 2026၊ C/O CHINA 12 (U) သည် ၁၉-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ NS INTERNATIONAL CO.,LTD မှ တင် သွင်းလာသော တရုတ်နိုင်ငံထုတ် B/N (SUV) (LHD) BRAND NAME MG S5 MODEL 2026၊ C/O CHINA 12 (U) သည် ၁၉-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ လည်းကောင်း၊ Y MOUNTAIN CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N (SUV) (LHD) BRAND NAME MG S5 MODEL 2026၊ C/O CHINA 15 (U) သည် ၁၉-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။ လျှပ်စစ်မော်တော်ယာဉ် (၃) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၃-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၃၉) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၅-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာ လွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၉-၆-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိ ပါကြောင်း သတင်းရရှိပါသည်။

