လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်သုံမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် AUNG KAN BO MOTORCYCLE INDUSTRIAL CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် B/N ELECTRIC MOTORCYCLE WITH CHARGING ADAPTOR BRAND NAME:KENBO MODEL YEAR 2026၊ C/O CHINA 787(U) အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ၂၁-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ B/N ELECTRIC MOTORCYCLE WITH CHARGING ADAPTOR BRAND NAME KENBO MODEL YEAR 2026၊ C/O CHINA 178 (U) သည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ၂၁-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ INNOGEN MYANMAR COMPANY LIMITED မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD) (BEV), BRAND NAME GAC TOYOTA BZ3X MODEL 2025၊ C/O CHINA 10 (U) အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ၁၉-၆-၂၀၂၆ ရက်နေ့တွင် ရောက်ရှိလာခဲ့ပါသည်၊၊
99 MYANMAR CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SALOON (LHD) BRAND NAME GAC ALON ES MODEL 2025၊ C/O CHINA 13 (U) သီလဝါဆိပ်ကမ်း (MITT) သို့ ၂၆-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း အသီသီးရောက်ရှိလာ ကြပါသည်။
လျှပ်စစ်မော်တော်ဆိုင်ကယ် (၉၆၅) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)၌ ၁-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၁၀)စီးသည် အေးရှားဝေါလ် ဆိပ်ကမ်း (AWPT) ၌ ၃၀-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၁၃) စီး သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၃၀-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင် ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။