အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ESSENTIAL MPTORS CO., LTD မှတင်သွင်းလာ သော တရုတ်နိုင်ငံထုတ် B/N CROSSOVER (LHD) BRAND NAME BYD SONG L MODEL 2025 MOTOR၊ C/O CHINA 18 (U) သည် ၁၂-၆-၂၀၂၆ ရက်နေ့တွင် ရွာသာကြီးကုန်တွင်း ဆိပ်ကမ်း (DRY PORT – KM) သို့ရောက်ရှိလာပါသည်။
လျှပ်စစ်မော်တော်ဆိုင်ကယ် (၁၈) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT–KM) ၌ ၁-၇-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့်တိုက်ဆိုင်စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။

