အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ESSENTIAL MOTORS CO., LTD မှတင်သွင်းလာ B/N CROSSOVER SUV (LHD) BRAND NAME BYD SONG L EV MODEL 2025၊ C/O CHINA 15 (U) သည် ၂၈-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်း ကောင်း၊ ALPHA ALLIANCE CO.,LTD မှတင်သွင်းလာ B/N SUV (LHD) BRAND NAME AYATR 11 MODEL 2026၊ C/O CHINA 2 (U) သည် ၂၆-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း PMPG-EV MYANMAR TRADING CO.,LTD မှတင်သွင်းလာ B/N WAGON (LHD) BRAND NAME GAC TOYOTA BZ4X MODEL 2025၊ C/O CHINA 3 (U) သည် ၂၃-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း အသီးသီးရောက်ရှိလာ ကြပါသည်။
လျှပ်စစ်မော်တော်ယာဉ် (၁၅) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၃၀-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၂) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၃၀-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ်(၃) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁-၇-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြု ချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၃-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။

