လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း(MITT)နှင့် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MYANBAKE CO.,LTD မှတင်သွင်းလာ B/N: SMALL SUV (LHD), BRAND NAME : LIVAN MODEL 2026 ,MOTOR CAPACITY : 120 KW, BATTERY CAPACITY : 50.4 KW, C/O CHINA 9(U) သည် ၂၆-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊ PERFORMANCE AUTO INTERNATIONAL CO.,LTD မှတင်သွင်းလာ B/N : SUV (LHD), BRAND NAME : CHERY V23, MODEL : 2025, MOTOR CAPACITY : 155 KW, BATTERY CAPACITY : 81.8, C/O CHINA 18(U) သည် ၂၆-၆-၂၀၂၆ ရက်နေ့တွင်အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) သို့လည်းကောင်းအသီးသီး ရောက်ရှိလာကြပါသည်။
အဆိုပါလျှပ်စစ်မော်တော်ယာဉ် (၉)စီးသည် သီလဝါဆိပ်ကမ်း(MITT)၌ ၃-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း လျှပ်စစ်မော်တော်ယာဉ် (၁၈)စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)၌ ၃-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့်စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ ပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၇-၇-၂၀၂၆ ရက်နေ့တွင်လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိ ပါကြောင်းသတင်းရရှိပါသည်။