အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ASIA PACIFIC CO.,LTD မှတင်သွင်းလာသော B/N : SEDAN (LHD), BRAND NAME : DONGFENG (AEOLUS) E70, MODEL : 2026၊ C/O : CHINA 16(U)သည် ၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ 99 MYANMAR CO.,LTD မှတင်သွင်းလာသော B/N : SALOON (LHD), BRAND NAME : GAC AION ES, MODEL : 2026၊ C/O CHINA 18(U)သည် ၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါ ဆိပ်ကမ်း (MITT)သို့လည်းကောင်း၊ ALPHA ALLIANCE CO.,LTD မှတင်သွင်းလာသော B/N : SUV (LHD), BRAND NAME : AVATA 11, MODEL : 2026၊ C/O : CHINA 3(U)သည် ၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ AMAZING AUTO CO.,LTD မှ တင်သွင်း လာသော B/N : SUV (LHD), BRAND NAME : GAC TOYOTA BZ3X, MODEL : 2026၊ C/O : CHINA 9(U)သည် ၂-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။
လျှပ်စစ်မော်တော်ယာဉ် (၄၆)စီးသည် သက်ဆိုင်ရာဆိပ်ကမ်းအသီးသီး၌ ၇-၇-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၉-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများ နှင့်အညီစိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။

