အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် GRAND SIRIUS CO.,LTD မှတင်သွင်းလာသော B/N : PICK UP (DOUBLE CAB) (LHD), BRAND NAME : JMC GRAND GEELY, MODEL : 2026, C/O : CHINA 5(U)သည် ၅-၇-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း(MIP) သို့ရောက်ရှိ လာပါသည်။ အဆိုပါလျှပ်စစ်မော်တော်ယာဉ်(၅)စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း(MIP)၌ ၁၀-၇-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၅-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့် အညီစိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထား ရှိပါကြောင်း သတင်းရရှိပါသည်။

