အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators-AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators-AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီတွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအစီအစဉ်နှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေနှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ် လုပ်သူများအသင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မောင်ဦးတို့က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ အခမ်းအနားတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ စုစုပေါင်း (၁၃၇) ဦး တက်ရောက်ကြသည်။ AEO Program ကို ကမ္ဘာ့အကောက်ခွန်အဖွဲ့ (WCO) မှ ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးနှင့် လုံခြုံမှုရှိစေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ လုံခြုံမှုမူဘောင် (Safe Framework of Standard)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ […]
Continue Reading