အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: MG, MG4 (MULAN)၊ 2023 MDL၊ C/O: CHINA – (5) U သည် ၈-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက် ရှိခဲ့ပါသည်။ SUPER SEVEN STARS AUTOMOTIVE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: IM-LS6၊ 2024 MDL၊ C/O: CHINA – (7) U သည် ၃-၆-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ BRAND NEW SUV (LHD)၊ BRAND NAME: IM-LS7၊ 2023 MDL၊ C/O: CHINA – (6) U သည် ၂၈-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ SUPER SEVEN STARS MOTORS INDUSTRY CO., LTD မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် BRAND NEW COMPACT CROSSOVER SUV (LHD)၊ BRAND NAME: KIA EV-6၊ 2024 MDL၊ C/O: KOREA – (2) U သည် ၁၇-၅-၂၀၂၄ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း(Dry Port – RG) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော် ယာဉ် (၁၅) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက်ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၀-၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီစိစစ်ထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိ ပါသည်။