အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် SUPER SEVEN STARS MOTORS INDUSTRY CO., LTD မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် BRAND NEW COMPACT CROSSOVER SUV (LHD)၊ BRAND NAME: KIA EV-6၊ 2024 MDL၊ C/O: KOREA – (4) U သည် ၁၇-၀၅-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ PLATYPUS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME: YADEA၊ 2024 MDL၊ C/O: CHINA – (144) U သည် ၂၉-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီး နှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၁၄၄) စီးတို့အား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း(Dry Port – KM) ၌လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီးနှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် (၁၄၄) စီးတို့အား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များ နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၈-၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထား ကြောင်း သတင်းရရှိပါသည်။