လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM၊ RG) သို့ ရောက်ရှိ

News
1
2
3
4
5
6
7
8

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: LEAPMOTOR, C01 (STANDARD)၊ 2024 MDL၊ C/O: CHINA – (6) U နှင့် BRAND NEW HATCHBACK (LHD)၊ BRAND NAME: LEAPMOTOR, T03 (STANDARD)၊ 2024 MDL C/O: CHINA – (20) U တို့သည် ၂-၇-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိလာခဲ့ပါသည်။ SUPER SEVEN STAR AUTOMOTIVE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: IM-LS7၊ 2023 MDL၊ C/O: CHINA – (1) U သည် ၁၄-၅-၂၀၂၄ ရက်နေ့၊ (4) U သည် ၂၈-၅-၂၀၂၄ ရက်နေ့ နှင့် BRAND NEW SUV (LHD)၊ BRAND NAME: IM-LS6၊ 2024 MDL၊ C/O: CHINA – (2) U သည် ၃-၆-၂၀၂၄ ရက်နေ့ တို့တွင် လည်းကောင်း၊ EARTH RENEWABLE ENERGY CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MPV (LHD)၊ BRAND NAME: BYD D1၊ 2024 MDL၊ C/O: CHINA – (10) U သည် ၂၃-၉-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီး ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီး အား ၂၄-၁၀-၂၀၂၄ ရက်နေ့ နှင့် (၂၀) စီးအား ၅-၁၁-၂၀၂၄ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၇)စီး အား ၅-၁၁-၂၀၂၄ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ လည်းကောင်း အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၅-၁၁-၂၀၂၄ ရက် နေ့တွင် စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၄၃)စီးအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။