အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် AMAZING AUTO CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SUV (LHD)၊ BRAND NAME: DAYUN YUEHU S1 (VIP EDITION)၊ 2024 MDL ၊ C/O: CHINA – (12) U သည် ၂၁-၄-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိခဲ့ပါ သည်။ QINGDAO CRRC SIFANG ROLLING STOCK CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG NISSAN ARIYA၊ 2024 MDL၊ C/O: CHINA – (1) U သည် ၂-၁၀-၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိခဲ့ပါသည်။ UV AUTOMOTIVE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: HONGQI EQM5၊ 2024 MDL၊ C/O: CHINA – (20) U သည် ၂၂-၉-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံး မော်တော်ယာဉ် (၁၂) စီးအား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ် (၁) စီး အား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော် ယာဉ် (၂၀) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၃၃) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များ နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၄-၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။