လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM ) သို့ရောက်ရှိ

News
1
2
3
4

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် PLATYPUS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE WITH CHARGING ADAPTOR (BEV)၊ BRAND NAME: YADEA၊ 2024 MDL၊ C/O: CHINA – (74) U သည် ၂၉-၁၁-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိခဲ့ပါသည်။  အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၇၄) စီးအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – KM) ၌ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၅-၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ် ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားပါကြောင်း သတင်းရရှိပါ သည်။