အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် SHWE THWAY CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: BYD SONG PLUS၊ 2024 MDL၊ C/O: CHINA – (12) U သည် ၁၃-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိခဲ့ပါသည်။ PARAGON MACHINERY POWER GROUP CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MINI SUV (LHD)၊ BRAND NAME: DAYUN YUEHU S1 (VIP EDITION)၊ 2024 MDL၊ C/O: CHINA – (29) U သည် ၁၆-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ PREMIER AUTOMOTIVE LIMITED မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: GEELY GEOMETRY E၊ 2024 MDL C/O: CHINA – (2) U သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: ZEEKR X၊ 2024 MDL၊ C/O: CHINA – (9) U သည် ၂၅-၄-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ T & Z FINANCE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (13) U သည် ၂-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ AUNG KAN BO TRUCK & MACHINERY CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: FORTHING FRIDAY (STANDARD GRADE)၊ 2024 MDL၊ C/O: CHINA – (2) U သည် လည်းကောင်း ၊ BRAND NEW SEDAN (LHD)၊ BRAND NAME: FORTHING S7၊ 2024 MDL၊ C/O: CHINA – (3) U တို့သည် ၂၂-၁၁-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိ ခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – KM) ၌ လည်ကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၅၈)စီး အား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ စုစုပေါင်းလျှပ်စစ်သုံး မော်တော်ယာဉ် (၇၀) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေး ခဲ့ပြီး ၂၁-၁-၂၀၂၅ ရက်နေ့ တွင်လုပ်ထုံးလုပ်နည်းများနှင့် အညီစိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားပါကြောင်း သတင်းရရှိပါသည်။