အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: LEAPMOTOR T03 (STANDARD)၊ 2024 MDL၊ C/O: CHINA – (40) U သည် ၁၈-၃-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ ရောက်ရှိခဲ့ပါသည်။ AMAZING AUTO CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (10) U သည် ၁၈-၁၀-၂၀၂၄ ရက်နေ့ တွင်လည်းကောင်း၊ (2) U သည် ၃၁-၁၀-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port –KM) သို့ ရောက်ရှိခဲ့ပါသည်။ YAUNG NI OO AUTOMOBILE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DFSK MINI EV၊ 2024 MDL၊ C/O: CHINA – (7) U သည်လည်းကောင်း၊ BRAND NEW MINI TRUCK (LHD)၊ BRAND NAME: DFSK EC31၊ 2024 MDL၊ C/O: CHINA – (8) U နှင့် BRAND NEW DELIVERY VAN (LHD)၊ BRAND NAME: DFSK EC35၊ 2024 MDL၊ C/O: CHINA – (5) U တို့သည် ၉-၁-၂၀၂၅ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port –RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၄၀)စီးအား သီလဝါဆိပ်ကမ်း (MITT) ၌ ၂၂-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၃၂) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port –KM၊ RG) ၌ ၂၉-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော် ယာဉ် (၇၂) စီးအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၉-၃-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။