လျှပ်စစ်သုံးမော်‌တော်ဆိုင်ကယ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် THE GOLDEN OCTOPUS CO., LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE (BATTERY ELECTRIC VEHICLE)၊ BRAND NAME: YADEA G5၊ 2023 MDL၊ C/O: CHINA – (25) U နှင့် BRAND NAME: YADEA T2၊ 2023 MDL၊ C/O: CHINA – (50) U တို့သည် ၂၆-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE (BATTERY ELECTRIC VEHICLE)၊ BRAND NAME: YADEA MODERN၊ 2023 MDL၊ C/O: CHINA – (50) U နှင့် BRAND NAME: YADEA SUMAI၊ 2023 MDL၊ C/O: CHINA – (30) U တို့သည် ၂၄-၄-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၁၅၅) စီးအား ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ ၈-၁-၂၀၂၅ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၃၁-၃-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှု များအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။