အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MYANMAR ARR THIT MAN MOTOR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: CHANGAN BENNI E-STAR ၊ 2024 MDL ၊ C/O: CHINA – (17) U သည် ၁၄-၈-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိခဲ့ပါသည်။ DAGON ARR MAN THIT CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MPV (LHD)၊ BRAND NAME: SIAC MAXUS MIFA 5၊ 2024 MDL၊ C/O: CHINA – (4) U နှင့် BRAND NEW SUV (LHD)၊ BRAND NAME: SIAC MAXUS MIFA 6၊ 2024 MDL၊ C/O: CHINA – (4) U တို့သည် ၂၆-၁၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ PAN THEINGI TRADING CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG NAMMI 01၊ 2024 MDL၊ C/O: CHINA – (20) U သည် ၂၅-၁-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိ ခဲ့ပါသည်။ ASIA PACIFIC AUTOMAKER CORPORATION CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW THREE WHEEL MOTORCYCLE WITH CHARGING ADAPTER (BEV)၊ BRAND NAME: JINPENG,BQIII130၊ 2024 MDL၊ C/O: CHINA – (5) U၊ BRAND NAME: JINPENG,HX200၊ 2024၊ C/O: CHINA – (5) U၊ BRAND NAME: JINPENG,JD150D၊ 2024 MDL၊ C/O: CHINA – (17) U၊ BRAND NAME: JINPENG,WXIIQ10၊ 2024 MDL၊ C/O: CHINA – (30) U၊ BRAND NAME: JINPENG,ZTII180E၊ 2024 MDL၊ C/O: CHINA – (2) U ၊BRAND NAME: JINPENG, YH2၊ 2024 MDL၊ C/O: CHINA – (30) U သည် ၁၄-၂-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ BRAND NAME: JINPENG,HDII260၊ 2024 MDL၊ C/O: CHINA – (26) U၊ BRAND NAME: JINPENG,JD150D ၊ 2024 MDL၊ C/O: CHINA – (8) U၊ BRAND NAME: JINPENG,XTBW610D5၊ 2024 MDL၊ C/O: CHINA – (10) U၊ BRAND NAME: JINPENG,ZTII180E၊ 2024 MDL၊ C/O: CHINA – (13) U သည် ၁၄-၂-၂၀၂၅ ရက်နေ့နှင့် BRAND NAME: JINPENG,ZTII180E၊ 2024 MDL၊ C/O: CHINA – (3) U သည် ၂၁-၂-၂၀၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ အသီးသီး ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော် ယာဉ် (၄၅) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌လည်းကောင်း၊ လျှပ်စစ်သုံး သုံးဘီးမော်တော်ဆိုင်ကယ် (၁၄၉) စီးအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံး သုံးဘီး မော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၇-၃-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။