အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် SUPER SEVEN STARS MOTORS CO., LTD မှ တင်သွင်း လာသော ကိုရီးယားနိုင်ငံထုတ် BRAND NEW COMPACT CROSSOVER SUV (LHD)၊ BRAND NAME: KIA EV-6၊ 2024 MDL၊ C/O: KOREA – (4) U သည် ၁၇-၅-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ THARAPHU SOE MYINT CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: CHANGAN AVATR 11၊ 2023 MDL၊ C/O: CHINA – (3) U နှင့် BRAND NEW SUV (LHD)၊ BRAND NAME: CHANGAN AVATR 11၊ 2023 MDL၊ C/O: CHINA – (1) U တို့သည် ၂-၁၀-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ ESSENTIAL MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BYD ATTO 3 EV၊ 2024 MDL၊ C/O: CHINA – (16) U သည် ၂၈-၆-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ MYANMAR NEW ENERGY MOTOR (MNEM) CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: HYCAN Z03 (HIGH GRADE)၊ 2024 MDL၊ C/O: CHINA – (5) U သည် ၁၆-၈-၂၀၂၄ ရက်နေ့တွင် လည်းကောင်း ရွာသားကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ INNOGEN MYANMAR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: WULING BAOJUN CLOUD၊ 2023 MDL၊ C/O: CHINA – (25) U သည် ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ ပါသည်။ MYANMAR ARR THIT MAN MOTOR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: CHANGAN EADO ၊ 2024 MDL၊ C/O: CHINA – (20) U သည် ၁၃-၁၂-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ် (၂၉) စီးအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – KM) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၅) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော် ယာဉ် (၂၀) စီးအား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ လည်းကောင်း၊ စုစုပေါင်းလျှပ်စစ်သုံး မော်တော်ယာဉ် (၇၄) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၇-၁၂-၂၀၂၄ ရက်နေ့ တွင်လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများ အတွက် အခွန်ကင်းလွတ် ခွင့်ပြုထားကြောင်းသတင်းရရှိပါသည်။