လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း (MITT) နှင့် ရွာသာကြီးကုန်တွင်းဆိပ်ကမ်း (Dry Port –KM၊ RG) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4
5
6
7
8
9
10
11
12

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် MYANMAR GREAT MOTOR CO.,LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: AIQAR EQ7၊ 2024 MDL၊ C/O: CHINA – (10) U နှင့် BRAND NAME: AIQAR EQ3၊ 2024 MDL၊ C/O: CHINA – (1) U တို့သည် ၂၇-၄-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ အသီးသီးရောက်ရှိလာခဲ့ပါသည်။ GRAND SIRIUS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW PICK UP (DOUBLE CAB)(LHD)၊ BRAND NAME: GEELY RIDDARA RD6၊ 2024 MDL၊ C/O: CHINA – (5) U သည် ၁၉-၃-၂၀၂၅ ရက် နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိလာခဲ့ပါသည်။ EV POWER CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BYD ATTO3၊ 2024 MDL၊ C/O: CHINA – (10) U သည် ၉-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ MYANMAR ARR THIT MAN MOTOR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MPV (LHD)၊ BRAND NAME: FAW BESTUNE NAT E05၊ 2024 MDL၊ C/O: CHINA – (25) U သည် ၃၀-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ INNOGEN MYANMAR CO., LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (4) U သည် ၂၂-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ TAKHON LIN LATT CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SALOON(LHD)၊ BRAND NAME: JMEV EV EASY(GSE)၊ 2024 MDL၊ C/O: CHINA – (15) U နှင့် BRAND NEW HATCHBACK (LHD)၊ BRAND NAME: JMEV EV EASY(EV3)၊ 2024 MDL၊ C/O: CHINA – (15) U တို့သည် ၁၉-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW HATCHBACK (LHD)၊ BRAND NAME: JMEV EV EASY (EV3)၊ 2024 MDL၊ C/O: CHINA – (20) U သည် ၅-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၁) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ လည်း ကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၈၉) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၁၀၅) စီးအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ် များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၇-၅-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထား ကြောင်း သတင်းရရှိပါသည်။