လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် WIN MOTOR MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: FAW VOLKSWAGEN ID6 CROZZ၊ 2024 MDL၊ C/O: CHINA – (9) U သည် ၁၂-၃-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော် ယာဉ် (၉) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၅-၄-၂၀၂၅ ရက်နေ့တွင် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၈-၅-၂၀၂၅ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။