လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM၊ RG) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4
5
6
7
8
9
10
11
12

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် SUPER SEVEN STARS MOTORS INDUSTRY CO., LTD မှ တင်သွင်းလာသော ကိုးရီးယားနိုင်ငံထုတ် BRAND NEW COMPACT CROSSOVER SUV (LHD)၊ BRAND NAME: KIA EV – 6၊ 2024 MDL၊ C/O: KOREA – (4) U သည် ၁၇-၅-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ UV AUTOMOTIVE CO., LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: HONGQI EQM5၊ 2024 MDL၊ C/O: CHINA – (10) U သည် ၂၂-၉-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ MYANMAR ARR THIT MAN MOTOR CO.,LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: CHANGAN BENNI E-STAR၊ 2024 MDL၊ C/O: CHINA – (17) U သည် ၁၄-၈-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ T & Z FINANCE CO., LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: BYD SONG PLUS၊ 2025 MDL C/O: CHINA (9) U သည် ၈၁၂၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ် (၁၄) စီးအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – KM) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၇) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဥ် (၉) စီးအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော် ယာဉ် (၄၀) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ ပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၈-၁၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါသည်။