လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM၊ RG) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4
5
6
7
8

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် MYANMAR SWM MOTOR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: KAIYI E-QUTE 04၊ 2025 MDL၊ C/O: CHINA – (25) U သည် ၂၆-၃-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိလာခဲ့ပါသည်။ MYANMAR CONSTRUCTION & DEVELOPMENT INFRASTRUCTURE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: FAW VOLKSWAGEN ID-6 CROZZ၊ 2024 PROVERSION MDL၊ C/O: CHINA – (6) U သည် လည်းကောင်း၊ BRAND NEW SEDAN (LHD)၊ BRAND NAME: FAW VOLKSWAGEN ID-7 VIZZION၊ 2024 PROVERSION MDL၊ C/O: CHINA – (2) U နှင့် BRAND NEW WAGON (LHD)၊ BRAND NAME: FAW VOLKSWAGEN ID-4 CROZZ၊ 2024 PROVERSION MDL၊ C/O: CHINA – (1) U တို့ သည် ၂၅-၁-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG ) သို့ လည်းကောင်း အသီးသီး ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော် တော်ယာဉ် (၂၅) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ ၃၀-၄-၂၀၂၅ ရက်နေ့ တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ ၂-၄-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၃၄) စီး အား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၅-၅-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။