အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MYANMAR NEW ENERGY MOTOR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: HYCAN Z03၊ 2024 MDL၊ C/O: China – (2) U သည် ၂၈-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ (2) U သည် ၁၆-၈-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW SUV (LHD)၊ BRAND NAME: HYCAN Z03၊ 2023 MDL၊ C/O: China – (5) U နှင့် BRAND NEW SUV (LHD)၊ BRAND NAME: HYCAN Z03၊ 2024 MDL၊ C/O: China – (1) U တို့သည် ၁၈-၈-၂၀၂၄ ရက်နေ့တွင် လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့အသီးသီးရောက်ရှိခဲ့ပါ သည်။ AUTO TOP POWER CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG NAMMI 01၊ 2024 MDL၊ C/O: CHINA – (1) U သည် ၂၉-၁၁-၂၀၂၄ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိခဲ့ပါသည်။ GREAT MOTOR MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: JMC JMEV EVEASY၊ 2024 MDL၊ C/O: CHINA – (6) U သည် ၂၂-၇-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိ ခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁) စီးအား မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) ၌လည်းကောင်း အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၁၇) စီးအား ၆-၁၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ် ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။