အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: LEAPMOTOR C11 (STANDARD)၊ 2024 MDL၊ C/O: CHINA – (10) U နှင့် တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: MG,MG4 MULAN၊ 2024 MDL၊ C/O: CHINA – (8) U တို့သည် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ QINGDAO CRRC SIFANG ROLLING STOCK CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG NISSAN ARIYA၊ 2024 MDL၊ C/O: CHINA – (3) U သည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၈) စီးအား ၄-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီးအား ၁၁-၁၀-၂၀၂၄ ရက်နေ့တွင် မြန်မာ့ စက်မှုဆိပ်ကမ်း (MIP) ၌လည်းကောင်း အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၁-၁၀-၂၀၂၄ ရက်နေ့တွင် စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၂၁) စီးအား လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြု ထားကြောင်း သတင်းရရှိပါသည်။