အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် QINGDAO CRRC SIFANG ROLLING STOCK CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (9) U သည် ၂-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိလာခဲ့ပါသည်။ MYANMAR ARR THIT MAN MOTOR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: CHANGAN EADO၊ 2024 MDL၊ C/O: CHINA – (18) U သည် ၁၄-၁၁-၂၀၂၄ ရက် နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိလာခဲ့ပါသည်။ GRAND SIRIUS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD) ၊ BRAND NAME: NETA X၊ 2024 MDL၊ C/O: CHINA – (12) U သည် ၁၄-၁၁-၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) သို့ ရောက်ရှိလာခဲ့ပါသည်။ AUNG GYI GROUP OF CO., LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: JAC E30X၊ 2024 MDL၊ C/O: CHINA – (3) U နှင့် BRAND NEW SALOON (LHD)၊ BRAND NAME: JAC E-J7၊ 2024 MDL၊ C/O: CHINA – (22) U တို့သည် ၁၄-၁၁-၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိလာခဲ့ပါသည်။ EARTH RENEWABLE ENERGY CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD DOLPHIN၊ 2024 MDL၊ C/O: CHINA – (10) U သည် ၁၅-၁၁-၂၀၂၄ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးအား ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၈) စီး အား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၄၇) စီး အား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) တွင်လည်းကောင်း စုစုပေါင်း လျှပ်စစ်သုံး မော်တော်ယာဉ် (၇၄) စီး အား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြု ချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၂-၁၁-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထား ကြောင်း သတင်းရရှိပါသည်။