ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ ၁/၂၀၂၅ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

အခမ်းအနားပွဲများ
2

ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏

/၂၀၂၅ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

၁။           ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီ အချိန်တွင် အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ရှိ အစည်းအဝေးခန်းမ (၁) တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

၂။            အဆိုပါအစည်းအဝေးအား အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနအသီးသီးမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်း အဖွဲ့တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးအား Hybrid Meeting စနစ် (In Person + Online Virtual) ဖြင့် ကျင်းပခဲ့ရာ In Person (၂၈) ဦး၊ Online Virtual (၁၇)ဦး၊ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။           ရှေးဦးစွာ ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့အနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းများအနက် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၄။           ထို့နောက် ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူး၊ အကောက်ခွန်ဦးစီးဌာန၊ ကာကွယ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးက ယခင်ကျင်းပ ပြုလုပ်ခဲ့သော ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေ၊ အမျိုးသား အဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှု အခြေအနေများ အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၅။           ထို့နောက် အဖွဲ့ဝင်ဌာနများက အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။

၆။           ထို့နောက် ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။