အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် GRAND SIRIUS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: NETA U၊ 2024 MDL၊ C/O: CHINA – (45) U သည်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: NETA X၊ 2025 MDL၊ C/O: CHINA – (38) U သည်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: NETA X၊ 2025 MDL၊ C/O: CHINA – (26) U သည်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: NETA X၊ 2025 MDL၊ C/O: CHINA – (13) U သည်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: NETA X၊ 2025 MDL၊ C/O: CHINA – (12) U သည် လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: NETA X၊ 2025 MDL၊ C/O: CHINA – (12) U သည်လည်းကောင်း ၂၁-၁-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ CHINA AUTO GROUP CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: JMC JMEV EV3၊ 2024 MDL၊ C/O: CHINA – (32) U သည် ၈-၁၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dryport-RG) သို့ရောက်ရှိခဲ့ပါသည်။ AUTO TOP POWER CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG NAMMI 01၊ 2024 MDL၊ C/O: CHINA – (8) U သည် ၂၉-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG NAMMI 01၊ 2024 MDL၊ C/O: CHINA – (8) U သည် ၂၆-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dryport-RG) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၁၄၆) စီးအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၄၈) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dryport-RG) ၌ လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၁၉၄) စီးအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၇-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်း မှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။