၁၂-၅-၂၀၂၅ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာန၊ အကောက်ခွန်သင်တန်းကျောင်း၊ ရန်ကုန်မြို့၌ အကောက်ခွန်အရာရှိများအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးခဝါ ချမှုတိုက်ဖျက်ရေး အသိပညာပေးသင်တန်းအား ကျင်းပခဲ့ရာ အကောက်ခွန်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူနိုင်မှ ငွေကြေးခဝါချမှုသိကောင်းစရာဘာသာရပ်နှင့် ဦးစီးအရာရှိ ဦးမျိုးမင်းကိုမှ ငွေကြေးဆိုင်ရာ အပြိုင်စုံစမ်းစစ်ဆေးခြင်း (Parallel Financial Investigation) ဘာသာရပ်အား သင်ကြားပို့ချ ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အသိပညာပေးသင်တန်းသို့ အကောက်ခွန် ဦးစီးဌာန (ရုံးချုပ်) ရှိ ဌာနခွဲ အသီးသီးမှ အကောက်ခွန်အရာရှိ (၂၅) ဦးတို့သည် အကောက်ခွန် သင်တန်းကျောင်းခန်းမတွင် လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ နယ်မြေအသီးသီးရှိ အကောက်ခွန်အရာရှိ (၂၅)ဦးတို့သည် Online Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ပါသည်။