အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် DONGFENG MOTOR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: DONGFENG EX 1 NANO BOX၊ 2024 MDL၊ C/O: CHINA – (1) U သည် ၄-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ တရုတ်နိုင်ငံထုတ် BRAND NEW SALOON (LHD)၊ BRAND NAME: FAW TOYOTA BZ3၊ 2023 MDL၊ C/O: CHINA – (9) U သည် ၂၄-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော် ယာဉ် (၁၀) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ အကောက်ခွန်ဦးစီး ဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ် ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ ပြီး ၆-၁၁-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။