နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံးဝန်ကြီးဌာနများ Website အား လွှင့်တင်ထားရှိပြီးဖြစ်ကြောင်း အသိပေးကြေညာခြင်း

News

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဝန်ကြီးဌာန (၁)၊ (၂)၊ (၃) နှင့် (၄) တို့၏ Website ဖြစ်သည့် https://www.sacministry.gov.mm တွင် အများပြည်သူ အသိပညာ၊ ဗဟုသုတရရှိစေရန် အကျိုးငှာ ပြည်သူများသိရှိသင့်သည့် ပြည်တွင်း၊ ပြည်ပမှသတင်းအမှန် များအား လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားရေးရာ၊ အထွေထွေဟူ၍ ကဏ္ဍများ ခွဲခြားကာ သတင်းများ၊ ကဏ္ဍများ၊ ဆောင်းပါးများအဖြစ် လွှင့်တင်ဖော်ပြလျက်ရှိ သည့်အပြင် အစိုးရနှင့်ပြည်သူ ထိတွေ့ဆက်ဆံနိုင်မည့်ကဏ္ဍအဖြစ် ဆွေးနွေးချက်များနှင့် အမေးအဖြေ ကဏ္ဍများလည်း ထည့်သွင်းဖော်ပြလျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံးဝန်ကြီးဌာနများ၏ Website https:// www. sacministry.gov.mm အား ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ် ပါသည်။