လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM၊RG) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4
5
6
7
8

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် SUPER SEVEN STARS AUTOMOTIVE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: IM-L7၊ 2023 MDL၊ C/O: CHINA – (2) U သည် ၁၄-၅-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိခဲ့ပါ သည်။ GREAT MOTOR MYANMAR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: JMC JMEV EVEASY၊ 2024 MDL၊ C/O: CHINA – (3) U သည် လည်းကောင်း၊ BRAND NEW SEDAN (LHD)၊ BRAND NAME: JMC JMEV EVEASY၊ 2024 MDL၊  C/O: CHINA – (3) U သည်လည်းကောင်း၊  BRAND NEW SEDAN (LHD)၊ BRAND NAME: JMC JMEV EVEASY၊ 2024 MDL၊ C/O: CHINA– (3)U သည်လည်းကောင်း ၂၂-၇-၂၀၂၄ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ QINGDAO CRRC SIFANG ROLLING STOCK CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG NISSAN ARIYA၊ 2024 MDL၊  C/O: CHINA – (12) U သည် ၂၆-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊  C/O: CHINA – (5) U နှင့် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG NISSAN ARIYA၊ 2024 MDL၊  C/O: CHINA – (5) U တို့သည် ၂-၁၀-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port-KM) လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၃၁) စီးအား ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၃၃) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေး ခဲ့ပြီး ၁၉-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားပါကြောင်း သတင်းရရှိပါသည်။